Tuesday, December 4, 2012

ကုလားသမဂ္ဂ

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးနှင့်
အရေးပေါ်လူမှုဖူလုံရေးဋ္ဌာနအကြီးအကဲ Ms Valerie Amos က
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်
အသိအမှတ်ပြုသင့်တယ်လို့ The Daily Star သတင်းစာနဲ့
အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ် ။



အဲဒီလိုပြောဆိုရာမှာ
ရိုဟင်ဂျာလူမျိုးတွေကို ကွင်းတစ်ကွင်းထဲမှာ ဘောလုံးကန်သလိုမျိုးလုပ်နေတာ
အင်မတန်သနားဖို့ ကောင်းပါတယ် ..
ရိုဟင်ဂျာလူမျိုးတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့
နိုင်ငံသားခံစားပိုင်ခွင့်အတွက် မြန်မာအစိုးရအနေနဲ့
သူတို့ရဲ့ လူမျိုးစုဖြစ်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်
သတ်မှတ်ပေးသင့်တယ်လို့ ပြောဆိုသွားပါတယ် ။

ကျနော်တို့မြန်မာလူမျိုးများက တရုတ်ဘက်ကိုမဲနေချိန်မှာ
ရိုဟင်ဂျာများကတော့ ကုလသမဂ္ဂအထိတောင် ပေါက်ရောက်ပြီး
မျက်နှာလိုမျက်နှာရလုပ်ထားတာ အောင်မြင်နေပါပြီ ။
မတော်လို့များ ကုလမှာ မဲခွဲဆုံးဖြတ်တာမျိုးဖြစ်လာရင်တော့
တနိုင်ငံလုံးရင်ထုမနာ ရှုံးနိမ့်ရပါလိမ့်မယ် ။
ကြံ့ဖွံ့အစိုးရအနေနဲ့လည်း
ကိုယ်မွေးနဲ့မျောက် ကိုယ့်ပြန်ချောက် တဲ့ကိန်း ဆိုက်ပါပြီ ။
အစိုးရအနေနဲ့ ရိုဟင်ဂျာပြဿနာအပေါ်မှာ
ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမှုမရှိဘဲ
ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့
သန်း(၆၀)ကျော်ပြည်သူတွေကိုယ်တိုင်ပဲ
ကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ် .... ... ။

No comments:

Post a Comment