Wednesday, October 3, 2012

လက်နက်မျိုးစုံဖမ်းဆီးရမိ


ပါကစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့လိုက်သည့် ဂျုံစေ့များသယ်ဆောင်လာသည့်
သင်္ဘောကွန်တိန်နာထဲတွင် M16 မောင်းပြန်ရိုင်ဖယ် အလက်(၃၀)ကျော်၊
ပခုံးထမ်းလောင်ချာ (၆)လက်နှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ခဲယမ်းများလည်း ပါဝင်လာကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက Freedom News Group(Burma) သို့ 
အတည်ပြုပြောကြားခဲ့ပါသည်။
ထိုကွန်တိန်နာသည် ဒဂုံမြို့သစ်ရှိ စက်မှုဇုန်တစ်ခုတွင် ရောက်ရှိနေခြင်းဖြစ်ပြီး 
ပါကစ္စတန်နိုင်ငံမှတင်ပို့လိုက်သည့် ကုန်ပစ္စည်းများကို စင်္ကာပူလိုင်းဖြင့်
ရောက်ရှိလာခြင်းဖြစ်သည်။ 

မူရင်း  -  http://www.facebook.com/freedomnewsgroup.mm

No comments:

Post a Comment