Thursday, October 4, 2012

ကန်တော်မင်္ဂလာပန်းခြံတွင် ကျည်ဆံများတွေ့ရှိ


ပါကစ္စတန်နိုင်ငံမှ တင်ပို့လိုက်သည့် ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ
ဖမ်းဆီးရမိပြီး တစ်ပတ်အကြာ အောက်တိုဘာလ(၃)ရက်နေ့ မွန်းလွဲ (၂)နာရီ (၄၅)မိနစ်အချိန်တွင်
ဒဂုံမြို့နယ် ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ အမှိုက်ပုံ၌ ကာဘိုင်ကျည်ဟု ယူဆရသော
ကျည်ဆံ(၁၉၉)တောင့်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါကျည်ဆံများကို ကန်တော်မင်္ဂလာပန်းခြံမြောက်ဘက် ကန်စောင်းရှိ
ငုဝါပင်ကြီးအောက်ခြေတွင် ပုံထားသော အမှိုက်ပုံအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကျည်ဆံများကို ထုတ်ပိုးထားသော ကျွတ်ကျွတ်အိတ်သုံးလုံးကို သန့်ရှင်းရေးဝန်ထမ်းတစ်ဦးမှ
တွေ့ရှိကာ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

မူရင်း -  https://www.facebook.com/ElevenMediaGroup/posts/436643946373234

No comments:

Post a Comment