Sunday, September 2, 2012

အနယ်နယ်အရပ်က အရွယ်စုံမျိုးချစ်တို့ တစည်းတလုံးရှိခဲ့ကြတဲ့ မန်းဆန္ဒထုတ်ဖော်ပွဲကြီး


ဒီကနေ့ ကျင်းပပြုလုပ်တဲ့မန်းမြို့ရဲ့ဆန္ဒထုတ်ဖော်ပွဲကြီးမှာ နံနက်ဝေလီဝေလင်းမှာမှ
ရောက်သွားကြတဲ့ ရန်ကုန်က မျိုးချစ်မြန်မာလူငယ်များကလည်း အိပ်ရေးပျက်၊ ခရီးပန်းတဲ့ကြားက
တသားတည်းပါဝင်ခဲ့ကြသလို အသက်အရွယ်စုံ၊ လူတန်းစားပေါင်းစုံအပြင် ဆရာတော်သံဃာတော်များပါ
အတူယှဉ်တွဲကာ မြန်မာ့စိတ်ဓာတ်၊ မြန်မာ့ဆန္ဒကို ကုလသမဂ္ဂသာမက တကမ္ဘာလုံးသိအောင်
လူပေါင်း(၁၀၀၀၀) ကျော်ပါဝင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဓာတ်ပုံများကို ကြည့်ရင်း အမျိုးသားရေးအသိတွေ နိုးကြားလာစေရေးအတွက် အဆောတလျင် တင်ပေးလိုက်ပါတယ် ။





ဘဘကလည်း အသက်ရနေပေမယ့် အမျိုးသားရေးအတွက် လူငယ်တွေနဲ့အပြိုင် မမောနိုင်မပန်းနိုင်ဘဲ
ဆန္ဒဖော်ထုတ်ခဲ့တဲ့မြင်ကွင်းက ကျနော်တို့လူငယ်တွေအတွက် လေးစားအတုယူစရာ မီးရှူးတန်အောင်ပါပဲ။



ခရီးပန်းပေမယ့် အမျိုးသားရေးခရီးကြမ်းကို မမောနိုင်မပန်းနိုင် ချီတက်နေကြတဲ့ 
ရန်ကုန်က မျိုးချစ်မြန်မာလူငယ်များ


မျက်တွင်းလေးတွေတောင် ချောင်လို့ အမျိုးသားရေးက ပိုအရေးကြီးလို့ မနားနိုင်ဘဲ ပါဝင်ချီတက်ခဲ့ကြ။


ဆရာတော်၊ သံဃာတော်များကလည်း အမျိုးသားရေးမှာ ဆရာတော်ဦးဥတ္တမထုံးနှလုံးမူပြီး 
တက်တက်ကြွကြွ ပါဝင်ချီတက်ခဲ့ကြတဲ့မြင်ကွင်း။



သူတို့လည်းပဲ ပူးပေါင်းပါဝင်ခဲ့ကြ


ဦးရဲကြီးတွေလည်း ထိပ်ဆုံးကနေ လုံခြုံရေးအတွက် လိုက်ပါဆောင်ရွက်ပေးခဲ့ပုံ။


တစ်အိမ်တည်းနေ၊ တစ်ရေတည်းသောက်နေကြတော့လည်း သူ့အရေး၊ ငါ့အရေးမခွဲခြားဘဲ
စည်းစည်းလုံးလုံးနဲ့ ရပ်တည်ဆောင်ရွက်ခဲ့ကြတဲ့ မျိုးချစ်စိတ်အရင်းခံကို ခံစားသိမြင်နိုင်တဲ့ ရိုက်ချက်လေးပါ။


မန္တလေးရောက်ရှမ်းတစ်ယောက်နှင့် ရန်ကုန်မှ မျိုးချစ်မြန်မာလူငယ်များ


ဆရာတော် ဦးဝီရသူနှင့် မျိုးချစ်မြန်မာလူငယ်များ



ရခိုင်ညီအစ်ကိုမောင်နှမများ၊ မန်သားများနှင့် ရန်ကုန်မှ မျိုးချစ်မြန်မာလူငယ်များ အတူတကွ ....


ဓာတ်ပုံများကို ပေးပို့ပေးခဲ့တဲ့ မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးအဖွဲ့ဝင်ဖြစ်သူ
မန်းသား ကိုညီထွန်းအား အစည်းအရုံးမှ ကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်းနှင့်
ဤပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုခဲ့သူ ဆရာတော် ဦးဝီရသူနှင့်တကွ 
မန်းသားအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်တို့အား ဤအစည်းအရုံးမှ 
အထူးတလည် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 


No comments:

Post a Comment