Thursday, September 6, 2012

အမျိုးသားရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ ကျင်းပခွင့်တရားဝင်ခွင့်ပြုချက်ရ


လာမည့် စက်တင်ဘာလ (၉)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်
စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တင်ပြလျှောက်ထားခဲ့ရာ
စက်တင်ဘာလ(၅)ရက်နေ့က ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါသည်။


စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီ (၉)မိနစ် အချိန်တွင် မြို့သူမြို့သားများနှင့်
စစ်တွေတက္ကသိုလ်ကျောင်းသားများမှ ဆရာတော်ဦးဥတ္တမပန်းခြံရှိ ဆရာတော်ရုပ်ထုရှေ့တွင် ဆုတောင်းဂါရ၀ပြုကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



No comments:

Post a Comment