Friday, August 17, 2012

ကျွန်ုပ်တို့၏ ရပ်တည်ချက်

(၁) မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးသည် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနှင့်မျှ
ဆက်နွယ်ပတ်သက်ခြင်း အလျဉ်းမရှိဘဲ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ထားသည့်
  အမျိုးသားရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။

(၂) အဖွဲ့ဝင်တိုင်းသည် မည့်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်အဖြစ်
 ပတ်သက်ဆက်နွယ်ခြင်း အလျဉ်းမရှိသည့် အမျိုးသားရေးအသိရှိသူများသာ ဖြစ်သည်။

(၃) ဤအဖွဲ့သည် မျိုးချစ်စိတ်ဓာတ်ထက်သန်သော တိုင်းရင်းသားညီအစ်ကိုများဖြင့်သာ
ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

(၄) ဤအဖွဲ့သည် တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ အနစ်နာခံပေးဆပ်မည့်
မျိုးချစ်စိတ်ဓာတ်ရှိသော မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထားသော
အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

(၅) ဤအဖွဲ့တွင် တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်ပေးဆပ်ဆောင်ရွက်နိုင်သူများကိုသာ
အဖွဲ့ဝင်အဖြစ် လက်ခံကာ လက်တွဲသွားမည်ဖြစ်သည်။

မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး

1 comment: