Friday, August 24, 2012

ဆန္ဒထုတ်ဖော်ပွဲအကြို အင်္ကျီမိတ်ဆက်ပွဲကျင်းပ



ရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ရပ်တည်ချက်ကိုထောက်ခံပြီး မစ္စတာကင်တားနားရဲ့ဘက်လိုက်မှုကို
ကန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ပွဲမကျင်းပမီ သမ္မတဦးသိန်းစိန်နှင့် မစ္စတာကင်တားနားပုံပါ
အင်္ကျီများအား မိတ်ဆက်ဖြန့်ချိပွဲကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ ညနေ (၄း၃၀)နာရီက
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အင်္ကျီတစ်ထည်လျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပြင်
ကျောက်ဆည်၊ တောင်တွင်းကြီး၊ မူဆယ်၊ မအူပင်စသည့် မြို့များတွင်လည်း ကိုယ်စားလှယ်များမှ
ရောင်းချပေးသွားမည်ဖြစ်ပါသဖြင့် ၀ယ်ယူဝတ်ဆင်ခြင်းအားဖြင့် ရခိုင်ပြည်နယ်အရေးတွင်
ရခိုင်ပြည်သူများဘက်မှ ရပ်တည်ပေးနေကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြပါစို့ ။       ။
ဤလုပ်ရှားမှုအား ဦးစီးဦးဆောင်ပြုသည့် ဆရာတော်အရှင်ဝီရသူနှင့်တကွ ပါဝင်ဆောင်ရွက်ကြသူများအား
လေးစားဂုဏ်ပြုကြောင်း ရေးသားတင်ပြအပ်ပါသည်။


မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး

No comments:

Post a Comment