Friday, August 31, 2012

ရခိုင်အရေးနှင့်ပတ်သက်၍ ပြည်ပမီဒီယာများ မမှန်မကန်သတင်းထုတ်လွှင့်နေကြဟု စစ်တွေရောက် အင်ဒိုနီးရှားကြက်ခြေနီအကြီးအကဲပြောကြား



ပြည်ပမီဒီယာများ၏မမှန်မကန်သတင်းထုတ်လွှင့်မှုများကြောင့် အင်ဒိုနီးရှားပြည်သူများမှ
အထူးပူပင်စိုးရိမ်မိခဲ့သော်လည်း လက်တွေ့တွင်မူ မြန်မာအစိုးရ၏သမာသမတ်ကျကျ
စီစဉ်ဆောင်ရွက်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်ရသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း

ဘင်္ဂါလီဆူပူသူများအား အကူအညီပေးရန် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့်
အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့မှ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဋ္ဌာနအကြီးအကဲဖြစ်သူ
Mr. Arifin Muh Hadi က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးနှင့်ကျန်းမာရေးဝန်ကြီး
ဒေါက်တာအောင်ကျော်မင်းအား ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်နေပါသည်ဟု
ဖော်ပြထားသောဓာတ်ပုံများမှာ လုပ်ကြံဖန်တီးထားသော မဟုတ်မမှန်ဓာတ်ပုံများသာဖြစ်ကြောင်း အင်တာနက်ဘက်ဒ်ဆိုက်ဘ်ပိုင်းကျွမ်းကျင်သူ Faraz Ahmed က ပါကစ္စတန်တွင်ထုတ်ဝေသည့်
The Express Tribune သတင်းစာတွင် မူရင်းဓာတ်ပုံများနှင့် လုပ်ကြံဖန်တီးထားသည့်ဓာတ်ပုံများကို
ယှဉ်တွဲဖော်ပြကာ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပြသခဲ့သည်။


မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး

No comments:

Post a Comment