Friday, August 24, 2012

ငါ့လူမျိုးအတွက် ငါ့သစ္စာ



ရန်ကုန်မြို့လမ်းပေါ်လျှောက်ရင်း ပြုံးပျော်နေတဲ့လူတွေရဲ့ မျက်နှာတွေကိုမြင်တိုင်း
အနောက်ဘက်မြေက အားငယ်နေတဲ့မျက်ဝန်းတွေ ....
သွေးပျက်ကြောက်ရွံ့နေတဲ့ မျက်နှာတွေကို ငါမြင်ယောင်လာတယ် .... ။


ရန်ကုန်မြို့က ရယ်မောပျော်ရွှင်နေတဲ့ ရယ်သံတွေကိုကြားတိုင်း
ရခိုင်ရိုးမဆီက ငိုရှိုက်သံတွေ၊ အော်ဟစ်သံတွေကို ငါ့နားထဲမှာ ကြားယောင်လာတယ် .... ။

ရန်ကုန်မြို့က မီးရောင်စုံတွေကို မြင်တိုင်း
ရခိုင်မြေက မီးဟုန်းဟုန်းတောက်လောင်ကျွမ်းနေတာတွေ ....
တငွေ့ငွေ့လောင်ကျွမ်းနေဆဲ မီးလောင်ပြင်တွေကို ငါမြင်ယောင်လာတယ် .... ။

ရန်ကုန်မြို့က အသွေးအရောင်စုံလှပနေတဲ့သူတွေကို မြင်တိုင်း
ရခိုင်ရိုးမဆီက သွေးချောင်းစီးနေတာတွေ ....
တိရစ္ဆာန်အသေကောင်လောက်တောင် သေခြင်းမလှပတဲ့
ငါတို့ညီအစ်ကို ရခိုင်သားချင်းတွေရဲ့ ပုံပျက်ပန်းပျက်အလောင်းတွေကို ငါမြင်ယောင်လာတယ် .... ။

ငါရင်နာတယ် ....
ငါတို့သမီးပျို မသီတာထွေးရဲ့ မသေခင်မှာ ငိုကြွေးခဲ့ရတဲ့မျက်ရည်တွေ
ခန်းခြောက်သွားပြီလို့ မင်းတို့ထင်သလား ....
ငါတို့သမီးပျို မသီတာထွေးရဲ့ အပြစ်မဲ့စီးဆင်းခဲ့တဲ့သွေးတွေ
ကျောက်နီမော်မှာ ခြောက်သွားပြီလို့ မင်းတို့ထင်သလား ....
ငါတို့ တိုင်းရင်းသား ရခိုင်သားချင်းတွေရဲ့ ၀ိညာဉ်တွေ
ငြိမ်သက်ပျောက်ပျက်သွားပြီလို့ မင်းတို့ထင်သလား ....
လွန်ခဲ့တဲ့ နှစ်လကျော်ကစလို့ ကျခဲ့တဲ့ ငါ့မျက်ရည်က
ပြန်တွေးလိုက်တိုင်းအခုထက်ထိ ပူဆွေးစိုဆွတ်နေတုန်းပဲ .... ။

လွန်ခဲ့တဲ့ နှစ်လကျော်ကစလို့ ဆူပွက်ခဲ့တဲ့ ငါ့သွေးတွေက
အခုထက်ထိလည်း ဆူပွက်နေတုန်းပဲ .... ။

(ရန်ကုန်သူ ... ရန်ကုန်သားတွေရေ .... )
မင်းတို့ သာယာဖို့ ... မင်းတို့ပျော်နိုင်ဖို့ ... မင်းတို့ငြိမ်းချမ်းစွာနေနိုင်ဖို့
အနောက်တံတိုင်းမှာ ပေးဆပ်နေကြရတဲ့ အသွေးတွေ၊ အသက်တွေ၊ ၀ိညာဉ်တွေအတွက်
တာဝန်မရှိသလို နေနိုင်ရက်ကြတဲ့ မင်းတို့တွေကိုကြည့်ပြီး ငါရင်နာတယ် .... ။

လွန်ခဲ့တဲ့နှစ်လကျော်ကတည်းက ငါ့သွေးတွေထဲမှာ စီးဆင်းနေတဲ့
နာကျည်းခြင်းတွေ ... မုန်းတီးခြင်းတွေ ... စက်ဆုပ်ခြင်းတွေဟာ
နောင်ဘ၀တော့မသိဘူး ....
ဒီဘ၀မှာတော့ ဘယ်တော့မှ မပြယ်မပျောက်ဘူးဆိုတာ
ကမ္ဘာတုန်အောင် အော်ပြောလိုက်ချင်တယ် .... ။      ။

(မှတ်ချက်။     ။ ဤစာစုအား ရေးသားသူမှာ ရခိုင်မဟုတ်ပါ။)


မျိုးမင်းစိုး
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး

No comments:

Post a Comment