Tuesday, August 28, 2012

ဦးကျော်သူ ရခိုင်သို့သွားရောက်

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်
ဇနီး ဒေါ်ရွှေဇီးကွက်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းများရှိ

ဒေသခံများအား တွေ့ဆုံအားပေးကာ အထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ရခိုင်ဒေသရှိ ပရဟိတအသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသတင်းရရှိပါသည်။

ယခုကဲ့သို့ ရခိုင်ဒေသရှိ သွေးချင်းများ အခက်အခဲဒုက္ခနှင့်ရင်ဆိုင်နေရချိန်တွင် ကိုယ်ချင်းစာတရား၊ အမျိုးသားရေးစိတ်ထားတို့ကို လက်ကိုင်ပြုလျက် ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးခဲ့သည့်
ဦးကျော်သူအား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။






No comments:

Post a Comment