Tuesday, August 21, 2012

မီးရှို့တရားခံက ဖမ်းဆီးသည့်ရဲများကို ဓားဖြင့်ပြန်ခုတ်မှု ရခိုင်တွင်ဖြစ်

နစကနယ်မြေ(၈)၊ စခန်း(၁၇) ဥဒေါင်းကင်းစခန်းမှူး ဒုရဲအုပ် ဖြိုးဝေအောင် ဦးစီးတပ်စိတ်တစ်စိတ်သည်
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့တွင် ဥဒေါင်းကျေးရွာအုပ်စု ကုန်းတန်းကျေးရွာတွင်
လှည့်ကင်းဆောင်ရွက်နေစဉ်  နလကကျေးရွာအား မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဆော်လီမူလာ (ဘ) ရှော်မူလုပ်သည် နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း
ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့မှ သတင်းပေးပို့သဖြင့် ၎င်းအဖွဲ့နှင့်အတူ တရားခံ၏နေအိမ်သို့

ဝင်ရောက်ဖမ်းဆီးရာ တရားခံမှ အဖမ်းမခံဘဲ ဓားရှည်ဖြင့် ပြန်ခုတ်သဖြင့် ဒုရဲအုပ်ဖြိုးဝေအောင်၏ ၀ဲဘက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းမှ အမ်အေ(၁၃)ဖြင့် တစ်ချက်ပြန်လည်ခြောက်လှန့်
ပစ်ခတ်ခဲ့ရာ တရားခံ၏၀ဲဘက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိခဲ့သူနှစ်ဦးလုံးအား နယ်မြေဆေးခန်းတွင် ဆေးကုသပေးလျက်ရှိပြီး တရားခံအသုံးပြုခဲ့သောဓားအး ရှာဖွေပုံစံဖြင့် သိမ်းယူ၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


မြ၀တီမှ တဆင့်ကူးယူဖော်ပြသည်။


မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး

No comments:

Post a Comment