Friday, August 24, 2012

အများသိစေရန် ဖြစ်ရပ်မှန်ကိုထုတ်ဖော်ခြင်း

အောင်မင်္ဂလာ(ခေါ်) အင်ဘာလာရပ်ကွက်မှ ပြည်သူလူထုများက ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သည့်
ပဋိပက္ခစုံစမ်းရေးကော်မတီတွင် ပါရှိသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးနှင့်
RNDP ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်တို့ကို ဆန့်ကျင်ကွန့်ကွက်စာပေးပို့သွားမည်ဟု

Yangon Press International မှ ရေးသားဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းပါ အောင်မင်္ဂလာ(ခေါ်) အင်ဘာလာရပ်ကွက်မှာ ဘင်္ဂါလီလူမျိုးများသာ နေထိုင်ကြသည့်
ရပ်ကွက်ဖြစ်ပြီး စုံစမ်းရေးကော်မတီအား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်လူမျိုးများမှ
ကန့်ကွက်ဟန်ဖြင့် မလှိမ့်တပတ်ပြုလုပ်ခြင်းဖြစ်ပါသည်။

သတင်းကို ရေးသားဖော်ပြခဲ့သည့် Yangon Press International အနေဖြင့်လည်း
ကွင်းဆင်းလေ့လာမှုမရှိဘဲ ရေးသားဖော်ပြခဲ့မှုမှာ ရခိုင်လူမျိုးများနှင့် စုံစမ်းရေးကော်မတီအကြား
အထင်အမြင် လွဲမှားမှု၊ မယုံသင်္ကာဖြစ်မှုများကို ပေါ်ပေါက်လာစေနိုင်ပါသဖြင့် အဆိုပါရေးသားတင်ပြမှုအပေါ် ရခိုင်ညီအစ်ကိုမောင်နှမများနည်းတူ
ဆန့်ကျင်ရှုတ်ချကြောင်း အသိပေးကြေငြာအပ်ပါသည်။


 ဓာတ်ပုံ (ဒီမိုဝေယံသတင်းထောက်)  - စစ်တွေမြို့၊ အောင်မင်္ဂလာ(ခ) အင်ဘာလာရပ်ကွက်မြင်ကွင်း 

No comments:

Post a Comment