Friday, August 17, 2012

အဖွဲ့ဝင်များသို့ နှုတ်ခွန်းဆက်အသိပေးစကား


ငါတို့အားလုံး မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး ဆိုတဲ့
ဒီအဖွဲ့ထဲကို ၀င်ရောက်လိုက်ပြီဆိုတာနဲ့
မျိုးချစ်ဆိုတဲ့ နာမည်တစ်ခုကို သတ်မှတ်ခံလိုက်ရပြီ။

ငါတို့အားလုံး သိထားရမှာက -
ငါတို့နာမည်တွေ သမိုင်းမှာ ကျန်ရစ်ခဲ့မှာမဟုတ်ဘူး။
ငါတို့ ဘာအခွင့်အရေး၊ ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူး။
ငါတို့ကို လူတွေက ချီးမွမ်းချင်မှ ချီးမွမ်းလိမ့်မယ်။
ငါတို့ဘက်က ရပ်တည်ချင်မှ ရပ်တည်လိမ့်မယ်။
အကောင်းမြင်ချင်မှလည်း မြင်လိမ့်မယ်။

ဒါပေမယ့် ... ငါတို့ဟာ
တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တဲ့စိတ်ဓာတ်အရင်းခံနဲ့
ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်စရိတ်ကိုယ့်ချွေးနဲစာနဲ့
အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ အန္တရာယ်တွေကြားမှာ
ငါတို့တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ့်အရာတွေကို
မျိုးချစ်လူငယ်တွေအားလုံးစုပေါင်းတိုင်ပင်ပြီး ပေးဆပ်သွားမှာဖြစ်တယ်။

လိုအပ်မယ်ဆိုရင် ....
တိုင်းပြည်နဲ့လူမျိုးအတွက် ငါတို့အသက်ကိုတောင်ပေးဆပ်သွားမယ်။
ဒါဟာ ... မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးကို ၀င်ရောက်လာတဲ့
အဖွဲ့ဝင်အားလုံးရဲ့ ခံယူချက်ဖြစ်တယ်။
အားလုံးရဲ့ဆန္ဒတွေနဲ့ တထပ်တည်းကျမယ်လို့လည်း ယုံကြည်ပါတယ်။

မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး


1 comment:

  1. ကြိုဆိုပါတယ်မြန်မာနိုင်ငံသားတယောက်အနေနဲ. ............အဖွဲ.၀င်ဖို. ဘယ်မှာ sign up လုပ်၇မလည်းသိချင်ပါတယ်

    ReplyDelete